မြစ်သား ဒီဇင်ဘာ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၈)နာရီက မန္တလေးတိုင်း ဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူစည်ကားရာ နေရာများနှင့် မြို့မစျေးအတွင်း သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၀ပြည်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော် အကြီးအကဲများ၏ အမျိုးသား အောင်ပွဲနေ့ဆိုင်ရာ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအမည်များ၊ အမျိုးသားအောင်ပွဲနေ့အဖြစ်စတင်ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း ဆောင်းပါး ၊ မြင်းမူ မောင်နိုင်မိုး ရေးသားသည့် အမျိုးသား အောင်ပွဲနေ့သန္နိဌာန် ကဗျာနှင့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ဆောင်ပုဒ်များ စသည့်ဗဟုသုတရစေမည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)