ချီဖွေ ဒီဇင်ဘာလ ၉
ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ချီဖွေမြို့စည်ပင်သာယာစျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက် ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ချီဖွေမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဖြိုးဝေ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှုး ဦးဝင်းစိုးစံ၊ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးဇောင်းရယ်နှင့်ဝန်ထမ်းများ လိုက်ပါလျက် စည်ပင်သာယာစျေးအတွင်း မီးစနစ်တကျသုံးစွဲရေး၊ မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများ ပြည့်စုံစွာ ထားရှိရေး၊ မီးသတ်ရေ လုံလောက်စွာ ထားရှိရေးတို့ကို လိုက်လံ စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ စနစ်တကျအလွယ်တကူ အသုံးပြုနိုင်ရေးနှင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား သက်ဆိုင်ရာ စျေးတာဝန်ခံ ဝန်ထမ်းများအား ပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ချီဖွေမြို့ပေါ်ရှိ ရပ်ကွက်(၄)ရပ်ကွက်များအတွင်းသို့လည်း ယခုကဲ့သို့ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းနှင့် ပညာပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း မြု့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
နန်းမြင့် (ပြန်/ဆက်)