ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များဖြန့်ဝေ

ကျောက်ဆည်  ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အတွဲ()အမှတ်() သတင်းစကား လက်ကမ်းစာစောင်များကို၊ မြို့မဈေးနှင့် တံစိုးလမ်းဆုံ၊ရဲစုမြို့ပတ်လမ်းဆုံတို့တွင်ယနေ့နံနက် နာရီက ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ စာရေးဆရာမြင်းမူမောင်နိုင်မိုးရေးသားထားသည့် အမျိုးသားအောင်ပွဲနေ့သန္နိဌာန်ကဗျာ၊ အမျိုးသားအောင်ပွဲနေ့အကြောင်း၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ နှစ်တစ်ရာပြည့်အမျိုးသား အောင်ပွဲနေ့ ဆောင်ပုဒ် ဖြစ်သည့်ရာပြည့်အမျိုးသားအောင်ပွဲမှသည် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်စို့ စသည့်ဗဟုသုတများစွာပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောက်ဆည် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးနှင့်ဝန်ထမ်းများမှ အများပြည်သူအသိပညာ ဗဟုသုတ တိုးပွားစေရန်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

တင်တင်ထွေး(ပြန်/ဆက်)