မလှိုင် ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်ပညာရေးဌာနမှ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ဒုတိယအကြိမ် ထုတ်ပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ မလှိုင်မြို့ရပ်ကွက်ကြီး (၁) နယ်မြေရှိ မူလွန်ကျောင်း၌ ယမန်နေ့က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည် ။
ကျောင်းဖွံ့ဖြိုးရေးတိုးတက်ရေးရန်ပုံငွေ ပေးအပ်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးရွှေက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွေးက ကျောင်းဖွံ့ဖြိုးရေးတိုးတက်ရေး ထောက်ပံကြေးများကို သတ်မှတ် ခေါင်းစဉ်များအရ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်၊ ကျောင်းအတွက် ထိ ရောက် အကျိုး ရှိအောင် သုံးစွဲသွားကြရန်မှာကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသောဆရာ/မများအား ကျောင်း ကျောင်းဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများ ကိုထုတ်ပေးခဲ့သည် ။
အဆိုပါရန်ပုံငွေများကို ဒီဇင်ဘာ (၇)ရက်နေ့တွင် မှရိုးတိုက်နယ်နှင့်ဆည်တိုတိုက်နယ် ၊ ဒီဇင်ဘာ (၈ )ရက်နေ့ တွင် ကျောက်တန်း တိုက်နယ်နှင့် နှောကန်တိုက်နယ် တို့ကိုထုတ်ပေးခဲ့ခြင်းဖြစ်သည်။ မလှိုင်မြို့နယ်တွင် အထက (၈)ကျောင်း၊ အထက.(ခွဲ) (၂၃)ကျောင်း၊ အလက(၁၄) ကျောင်း၊ အလက (ခွဲ) (၆) ကျောင်း၊ မူလွန်(၂ဝ) ၊ အမက (၁၁၅) ကျောင်း ၊ ဘက(၄)ကျောင်း ၊စုစုပေါင်းကျောင်း ( ၁၉ဝ ) တို့အား ငွေကျပ် (၁ဝ၁၅)သိန်း၊ (၄) သောင်း(၂) ထောင် (၅) ရာ ကျပ်တိတိဖြန့်ဝေခဲ့ကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)