တပ်ကုန်း ဒီဇင်ဘာ ၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၀ပြည့်နှစ်၊ နှစ်(၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကိုယနေ့ နံနက်ပိုင်းက တပ်ကုန်းမြို့မဈေး အတွင်း/အပြင် ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်း များက သွားရောက်၍ (အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၁၆.၁၀.၂၀၁၉ရက်တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ် ချက်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာနှင့် ၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာ ပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ ပါဝင်၍ ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်
တင်စိုးလွင်