ဟားခါး ဒီဇင်ဘာ ၉
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေး ဝမ်းကျောင်း အတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ ဒီဇင်ဘာလမှ စတင်၍ ဆိုင်ကယ် ပြုပြင်ရေး သင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ သင်တန်းဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံက“ကျွန်တော်တို့ ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်ရေးသင်တန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းမှာ ရွာ(၂)ရွာကို ရွေးချယ် ထားပါတယ်၊ ဒီဇင်ဘာလမှာစသင်ပေးပါတယ်၊ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေး ရည်ရွယ်၍ပြီးဖွင့်လှစ် သင်ကြား ပေးတာပါ၊ သင်တန်းကာလကတော့ တစ်ကြိမ်ကို (၁၈)ရက်ကြာပြီး တော့သင်တန်း နည်းပြကိုတော့ ဟားခါးက (၂)ဦးကိုဌား ထားပါတယ်၊ ဆိုင်ကယ်ပြင်ဆိုင်လဲဖွင့်လို့ရအောင်ပြီးတော့ ဆိုင်ကယ်တစ်စီးလုံး ဖြုတ်တပ် အကုန် သင်ပေးပါတယ်။ အင်ဂျင်ခွဲတာအစသင်ပေးပါတယ်၊ သင်တန်းသား အနေနဲ့ တစ်ကြိမ်(၂၀) ဦးတက်ရောက်ပါတယ်။ သင်တန်းမှာအသုံးပြုဖို့ ပစ္စည်းဖိုး၊ သင်တန်းနည်းပြအတွက် သင်တန်းတစ်ကြိမ်ကို ငွေကျပ်(၂၄၅၀၀၀၀)ကို ထောက်ပံ့ ပါတယ်။(၂)ရွာဆိုတော့ ငွေကျပ်(၄၉၀၀၀၀၀)ကို ထောက်ပံ့ဆောင်ရွက် သွားဖို့ရှိပါတယ်။ ပြည်ထောင်စုရန်ပုံငွေနှင့် ဆောင်ရွက်တာပါ”ဟု ပြောပြခဲ့ပါတယ်။
ဟားခါးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ကိုယ်ပိုင် အသက်မွေး ဝမ်းကျောင်းအတွက် ကိုယ်ပိုင်အလုပ်အကိုင်နှင့်ဝင်ငွေရရှိစေရေးရည်ရွယ်၍ ၂၀၂၀-၂၀၂၁ခု ပြည်ထောင်စု ရန်ပုံငွေ (၄၉၀၀၀၀၀)ဖြင့် ဟားခါးမြို့နယ် ဖာရွန်းကျေးရွာနှင့် ဗန်ဟား ကျေးရွာတို့တွင် ဆိုင်ကယ်ပြုပြင်ရေး သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်မင်းထံမှ သိရှိရသည်။
အောင်ခွီးရှိန်း