မိုင်းတုံ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်၊ (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၆ နာရီခွဲက လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ထံမှပေးပို့သည့် သဝဏ်လွှာ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာ ဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး ၊တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှုနှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန် ပညာရေးဥပဒေ ၊ အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း ၊ မြင်းမူမောင်နိုင်မိုး ရေးစပ်သီကုံးသည့် အမျိုးသား အောင်ပွဲနေ့ သန္နိဌာန်ကဗျာ ၊ အထိမ်းအမှတ် ကာတွန်းနှင့်ဆောင်ပုဒ်များစသည်တို့ ပါဝင်သည်။
အဆိုပါသတင်းစကားလက်ကမ်း စာစောင်များကို မြို့မစျေးအတွင်းဈေးရောင်းဈေးဝယ်သူများ၊ ခရီးသွားပြည်သူများနှင့် မြို့ပေါ်ရှိဈေးဆိုင်ခန်းများသို့ အစောင်ရေ(၂၄၄)စောင်ကိုအခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)