ဟားခါးမြို့ Amazon ကိုယ်ပိုင်ကျောင်းတွင် Art Generation ပန်းချီပြပွဲ ကျင်းပမည်

ဟားခါး         ဒီဇင်ဘာ        ၉

ဟားခါးမြို့တွင် Art Generation ပန်းချီပြပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀နာရီအချိန်မှ စ၍ ဟားခါးမြို့ Amazon ကိုယ်ပိုင်ကျောင်း၌ စတင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ Art Generation ပန်းချီပြပွဲဦးဆောင်သူ Salai Rung Cin Thang ကကျွန်တော့်ဆီမှာ ပန်းချီလာသင်တဲ့ လူငယ်တစ်ယောက်နဲ့ တန်းအရွယ်ကလေးတစ်ယောက်ရဲ့ ပန်းချီတွေကို ပြသသွားမှာဖြစ်တယ်။ ပန်းချီပြပွဲပြုလုပ်ရခြင်းက ချင်းတောင်တန်းရဲ့အလှ၊ လှပြတဲ့ ချင်းယဉ်ကျေးမှု တွေ ဖော်ထုတ်ချင်လို့ပါ။ ပန်းချီကိုလည်း ဝယ်ချင်တဲ့သူရှိရင် ရောင်းမယ်။ စိတ်ဝင်စားတဲ့သူတိုင်း လာကြည့်လို့ရပါတယ်။ ပန်းချီပြပွဲကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ကာလဖြစ်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်သွားဖို့ရှိပါတယ်။လို့ပြောပြခဲ့ ပါတယ်။

Art Generation ပန်းချီပြပွဲကို ဟားခါးမြို့ Amazon ကိုယ်ပိုင်ကျောင်းတွင် နံနက် ၁၀ နာရီမှ ညနေ နာရီအထိ ပြသသွားမည်ဖြစ်ပြီး ပန်းချီပြပွဲတွင် ပန်းချီကား (၇၃) ပုံ ပြသသွားမှာဖြစ်ကြောင်း သိရှိရသည်။

အောင်ခွီရှိန်း