ငပုတော၌ အမျိုးသားအောင်ပွဲနေ့နှစ်တစ်ရာပြည့်အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြည်သူများထံဖြန့်ဝေ

ငပုတော      ဒီဇင်ဘာ       ၉

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ အမျိုးသားအောင်ပွဲနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်အတွဲ(၄)၊ အမှတ်(၇)ကိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပြည်သူများထံသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၆ရက် နေ့တွင် တက္ကသိုလ်များ ဖွံဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည့်ပညာရေးမြှင့်တင်မှု၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး(၁၁)ဦး၊ ဗြိတိသျှတို့ ပြဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသားအောင်ပွဲနေ့သမိုင်ကြောင်း၊ ကဗျာ၊ ကာတွန်းဖော်ပြချက်များနှင့် ဆောင်ပုဒ်များပါဝင်သည့် လက်ကမ်းစာစောင်များအား ငပုတောမြို့အဝင်စစ်ဆေးရေးဂိတ်နှင့်မြို့မဈေး အတွင်းရှိဈေးသူ၊ဈေးသားပြည်သူများထံသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)