ကရသူရိမြို့၊ ကျောက်ထနောင်းကျေးရွာတွင် မီးဘေးလုံခြုံရေးတစ်အိမ်တက် ဆင်းကွင်းဆင်း စစ်ဆေး

ကရသူရိ  ဒီဇင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကျောက်ထနောင်းကျေးရွာတွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ဆေးရာတွင် ကရသူရိမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦး​အောင်မြတ်ဖြိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်(၃)ဦးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဖြင့် ပူပြင်းသောရာသီတွင် ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုနှင့် မီးလန့်မှုမဖြစ်ပွားစေရန်၊ မီးကြွင်း/မီးကျန်များစနစ်တကျအသုံးပြုရေး၊  လျှပ်စစ်/ဝါယာကြိုးများ ကောင်းမွန်မှုရှိ/မရှိ၊ မီးချိတ်/မီးကပ်များနှင့် မီးသတ်ဆေးဗူးများထားရှိရေးတို့ကို တစ်အိမ်တက် ဆင်းစစ်ဆေးပြီး မီးလောင်မှုဖြစ်ပေါ်လာပါက လတ်တလောမီးငြိမ်းသတ်ပုံနှင့်မီးဘေး အန္တရာယ် ကာကွယ်နည်းလမ်းများကို ပညာပေးပြသခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်ဆက်