ဘိုကလေးမြို့နယ်တွင် တတိယအကြိမ်မြောက် ဓမ္မသီတဂူ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပို့ချနေ

ဘိုကလေး ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စုရှိ ဇမ္ဗူဓိပတိ ရန်အောင်ကပ်ကျော်အေးစေတီ ပရဝုဏ်အတွင်း၌ နှစ်စဉ်ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိရာ ယခုနှစ် တတိယအကြိမ်အဖြစ် ဓမ္မသီတဂူ ယဉ်ကျေးလိမ္မာ သင်တန်းအား အဆိုပါ စေတီဝန်းအတွင်း၌ပင် ဧပြီ (၂၃)ရက်နေ့ကစတင်၍ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ယဉ်ကျေးလိမ္မာ သင်တန်းအား ဧပြီ (၃၀)ရက်နေ့အထိ တစ်ပတ်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအား ရန်ကုန်တိုင်းဒေသကြီးရှိ ထန်းတစ်ပင်ပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဦးသုမင်္ဂလမှ ဘိုကလေးမြို့နယ်သို့ လာရောက်ဦးဆောင်သင်ကြားပြသပို့ချကြောင်း၊ သင်တန်းသို့ သကံဝကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင်ကျေးရွာများက ကျောင်းသား/သူ (၁၂၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)