ဟင်္သာတခရိုင်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန် ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဧပြီ ၂၄

‌ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခမ်းမ၌ ယနေ့နံနက် ၁၀ နာရီချိန်က  ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရင်းနှိးမြှပ်နှံမှုများအတွက်  ခရိုင်စီမံကိန်းရေးဆွဲ‌အ‌ကောင်ထည်‌ဖော်ရေး‌ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ဒေသန္တရစီမံကိန်းတာဝန်များပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦး‌အောင်ဇော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတ၊ ဇလွန်နှင့် လေးမျက်နှာမြို့နယ်များမှ မြို့နယ်စီမံကိန်း‌ရေးဆွဲ အကောင်အထည်ဖော်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ စုစုပေါင်း(၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)