အိမ်မဲ ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်(၁၂)လမ်းရှိ ဗီရှင်းဖန်ငွေချေးဌာန၌ မြောင်းမြမြို့နယ် လူမှုဖူလုံရေးရုံးမှ Mobile Medical Unit (MMU) ဖြင့် ယနေ့နံနက် (၉)နာရီအချိန်ကစတင်ကာ စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးကုသပေးရာ၌ ဆရာဝန် (၂)ဦး၊သူနာပြု (၁၀)ဦး၊ မြောင်းမြမြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မြောင်းမြမြို့နယ် လုမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အိမ်မဲမြို့နယ်မှအလုပ်သမားများအား စာရင်းသွင်းခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာခြင်း၊ သွေးစစ်ခြင်း၊ ECG စနစ်ဖြင့် စစ်ဆေးခြင်း၊ လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက် ပေးခြင်း၊ သောက်ဆေးများပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့စစ်ဆေးပေးခြင်းကို အဆိုပါတာဝန်ရှိသူများက ယနေ့နံနက် (၉)နာရီအချိန်မှ ညနေ (၄)နာရီ ခွဲအထိ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်သမားများကို စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးသန္တာအေး ပြောကြားချက်အရသိရသည်။
ချစ်သက်လယ်