မအူပင် ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ဆီပေပါထုတ်ယူမှုလုပ်ငန်း အခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် Yadanarbon Global Network Distribution Co,Ltd မှ တာဝန်ရှိသူများနှင့် မအူပင်မြို့နယ် ဆီထုတ်ကိုယ်စားလှယ်များ တွေ့ဆုံကာ ဆီထုတ်ယူမှုနှင့်ရောင်းချနိုင်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးပွဲအား ယနေ့နံနက် (၁၀)နာရီက စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကုမ္ပဏီများအနေနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ တင်သွင်းရရှိရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေး၊ စားသုံးသူတွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မအူပင်အနေဖြင့် လုပ်ငန်းအခက်အခဲရှိပါက ညှိနှိုင်းဆောင်ရွက်နိုင်ရန် ရောက်ရှိလာတဲ့ဆီတွေကို သက်ဆိုင်ရာတာဝန် ရှိသူတွေ စမ်းသပ်စစ်ဆေးပြီးမှ ဖြန့်ဖြူးရောင်းချရန်နှင့် ဆီပေပါများကိုလည်း ဟောင်းနွမ်းပါက အသစ်လဲလှယ်နိုင်ရန်၊ ပေပါများကိုလည်း ဆေးကျော၍ သန့်ရှင်စွာ အသုံးပြုရန် လုပ်ငန်းအခက်အခဲရှိပါက ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။ မအူပင်ဆီကိုယ်စားလှယ်များမှ ရရှိသောဆီခွဲတမ်းများကို စနစ်တကျထုတ်ယူပြီး ရောင်းချပေးနိုင်ရန် ဆီအရောင်းကိုယ်စားလှယ်များ ထံ စနစ်တကျ ခွဲဝေချထားပေးပြီး သတ်မှတ်ဈေးအတိုင်း သတ်မှတ်ချက်နှင့်အညီရောင်းချရန် ကွင်းဆင်းကြပ်မတ်လျှက်ရှိကြောင်းနှင့် စားသုံးသူတွေလက်ဝယ် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချ ပေးနေကြောင်း ရောင်းချသူများမှ သတ်မှတ်ချက်များလိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာအရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်မင်း၊ Yadanarbon Global Network Distribution Co,Ltd မှ တာဝန်ရှိသူများ၊ မအူပင်မြို့နယ်ဆီထုတ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်