ကျောက်ဆည် ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေး ပဲသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် မိုးကြိုပဲတီစိမ်း (၂၀၁၁) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း(၁၄)အုပ်စုရှိပြီး မိုးကြိုပဲတီစိမ်းသီးနှံများကို ရှမ်းတောင်ဦးကျေးရွာအုပ်စုတွင်(၃၇)ဧက၊ ပုထိုးနီကျေးရွာအုပ်စုတွင်(၈)ဧက၊ ကုလားကျောင်းကျေးရွာအုပ်စုတွင်(၇၆)ဧက၊ ငှက္ကတောင်ကျေးရွာအုပ်စုတွင်(၉၆)ဧက၊ ထန်းဇင်တော်ကျေးရွာအုပ်စုတွင် (၅၅)ဧက၊ အရှေ့ငယ်တိုးကျေးရွာအုပ်စုတွင် (၆၅၉)ဧက၊ ရွှေဒါးကျေးရွာအုပ်စုတွင်(၄၂၂)ဧက၊ ရဲဘော်ကြီးကျေးရွာအုပ်စုတွင် (၆၅၈)ဧက၊ စုစုပေါင်း(၂၀၁၁)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မိုးကြိုသီးနှံများကို စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုတွင် (၃၄၆၉)ဧကလျာထားစိုက်ပျိုးလျက်ရှိပြီး မိုးကြိုသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများလုံလောက်စွာအလှည့်ကျစနစ် ဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)