ဖျာပုံမြို့နယ် ကိုဗစ်ကော်မတီသို့ အလှူရှင်များမှအလှူငွေ PPE၊ အောက်စီဂျင်ဗူးများ၊ Handgel ဗူးများလှူဒါန်း

ဖျာပုံ  ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီသို့ ရန်ကုန်မြို့မှ အလှူရှင်များက အလှူငွေ၊ PPEနှင့် အောက်စီဂျင်ဗူးများ လှူဒါန်းပွဲကိုယမန်နေ့၊ နေ့လယ်(၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက ဖျာပုံမြို့နယ်အနေဖြင့် Stay at Home မြို့နယ်ဖြစ်ခြင်းကြောင့် ပြည်သူများအနေဖြင့် ရောဂါ ကူးစက်ပြန်ပွားမှုမရှိစေရေး ကျန်မာရေးနှင့် အားကစား ဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအား စနစ်တကျလိုက်နာကြစေရန်၊ StayatHome ကိုပီပြင်စွာ အကောင်အထည်ဖော်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားပြီး အလှူရှင်များဖြစ်ကြသော ဦးမြဦးနှင့်ဒေါ်ခင်စန်းဝေ မိသားစုမှလှူဒါန်းငွေ(၁၀)သိန်း၊ ရန်ကုန်စက်မှု တက္ကသိုလ်နွယ်တော် သွေးအဖွဲ့မှလှူဒါန်းသော(PPE)ဝတ်စုံ(၁၀၀)စုံ၊ အောက်စီဂျင်(၅)လုံးနှင့် Handgel(၂)ဖာ တို့အား ပေးအပ်ကြရာသက်ဆိုင်ရာ တာဝန်ရှိသူများကလက်ခံရယူကြသည်။ ထိုနောက်နှာခေါင်းစည်း Maskပြိုင်ပွဲတွင်ဆုရရှိသူအားနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လက်မှတ်ရေးထိုးထားသည့်Postcardအားပေးအပ်ရာ အပြောင်ကျေးရွာနေဆုရရှိသူဒေါ်ယဉ်ယဉ်ဌေးကလက်ခံရယူခဲ့ကြောင်းသိရှိရသည်။

အောင်ဝင်းနိုင် ( ခရိုင်ပြန်/ဆက်)