ပျော်ဘွယ် ဧပြီ ၂၆
၂၀၂၅ ခုနှစ်၊ မေလ(၂၈)ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထီးတော်မြေခခဲ့သည့် ပျော်ဘွယ်မြို့၊ ပြည်သာယာရပ်ကွက်ရှိ မြကျိုင်းတော်စေတီတော်အတွင်း စုပေါင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ဧပြီလ(၂၆)ရက်၊ နံနက်(၇)နာရီက အဆိုပါစေတီတော်၌ ပြုလုပ်သည်။
မန္တလေးမြေငလျင်ကြီးကြောင့် ဉာဏ်တော်(၁၀၈)တောင်ရှိ စေတီတော်၏ထီးတော်မြေခခြင်း၊ စေတီအတွင်းတည်ထားကိုးကွယ်သည့် ဘုရားများပြိုကျပျက်စီခြင်း၊ အရန်စေတီတော်များပြိုကျပျက်စီးခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး စေတီတော်အတွင်း စက်ယန္တရားများဝင်ရောက်ရန်ခက်ခဲခြင်းကြောင့် လူအင်အားဖြင့် စုပေါင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်သည်။
စုပေါင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သည့်အဖွဲ့များဖြင့် စုပေါင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)