တောင်ကြီး ဧပြီ ၂၅
မန္တလေးငလျင်ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များ က ၂၄-၅-၂၀၂၅ ရက်နေ့က သွားရောက်လှူဒါန်းသည်။
ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များသည် ညောင်ရွှေမြို့နယ်၊ မင်းချောင်းကျေးရွာအုပ်စု၊ ကြေးစားကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ အဘိုးအဘွား ၁၀ ဦးအား ငွေနှင့်ထောက်ပံ့ပစ္စည်းများလှူဒါန်းကာ ဂါရဝပြုကန်တော့သည်။ ထို့နောက် ငလျင်ဘေးဒဏ်သင့် ပြည်သူများအားတွေ့ဆုံပြီး နှစ်သိမ့်အားပေးစကားပြောကြား၍ ငွေကျပ် သိန်း(၃၀)အား လှူဒါန်းခဲ့ရာ ညောင်ရွှေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်းက လက်ခံရယူသည်။ ထို့နောက် ငလျင်ဘေးဒဏ်သင့် မင်းချောင်းကျေးရွာအုပ်စု၊ ကြေးစားကုန်းကျေးရွာ ဒေသခံတစ်ဦးက ငလျင်ဘေးဒဏ်သင့် ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားသို့ သွားရောက်ဖူးမြှော်ကြည်ညိုကာ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် ငွေကျပ် (၁၀)သိန်း အား လှူဒါန်းခဲ့ရာ အင်းလေးဖောင်တော်ဦးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လက်ခံရယူသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့်အဖွဲ့ဝင်များသည် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ သာလေးအခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းသို့သွားရောက်ကာ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရမုန့်ထုပ်များဝေငှပေး၍ ငွေကျပ် (၁၀)သိန်းလှူဒါန်းခဲ့ရာ ငလျင်ဘေးဒဏ်သင့် ပြည်သူတစ်ဦးက လက်ခံရယူခဲ့ကြောင်းသိရသည်။
ပြည်နယ်ပြန်/ဆက်