ဘုတ်ပြင်း ဧပြီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ၊ ဘုတ်ပြင်းမြို့၌အခြေခံစားသောက်ကုန်များဈေးနှုန်း တည်ငြိမ်ရေး၊ ပြည်သူများလွယ်ကူလွတ်လပ်စွာဝယ်ယူ စားသုံး၍ ကုန်ပစ္စည်း ပြတ်လပ်မှု မရှိစေရေး အတွက်အခြေခံ စားသောက် ကုန်ပစ္စည်းဆိုင်များ၊ ကုန်မာဆိုင်များ၊ဆေးဆိုင်များ ပုံမှန်လည်ပတ် ဖွင့်လှစ်ကာ သတ်မှတ် စျေးနှုန်းဖြင့်ရောင်းချခြင်း ရှိ၊မရှိကို ယနေ့နံနက်(၉)နာရီ အချိန်ကမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပါဝင်သောဌာနဆိုင်ရာ တာဝန်ရှိသူများမှ လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများသည် မြို့ပေါ်ရပ်ကွက်များရှိကုန်စုံဆိုင်များ၊ ဆေးဆိုင်များနှင့်လူသုံး ကုန်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်ပြီးအခြေခံ အိမ်ထောင်စုများအား သတ်မှတ် ရည်ညွှန်းစျေးနှုန်း အတိုင်းရောင်းချပေးနေခြင်းရှိ၊ မရှိလိုက်လံကြည့်ရှု စစ်ဆေးပြီး အခြေခံစား သောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား ကုန်စျေးနှုန်းကြီးမြင့်စွာရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ပြောကြားခဲ့ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)