မန္တလေးမြေငလျင်ကြီးကြောင့် သာစည်မြို့နယ်မှ သေဆုံး၊ ဒဏ်ရာရပြည်သူများအတွက် ထောက်ပံ့ငွေနှင့်လုံးဝပျက်စီးခဲ့သောနေအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ၊ အလှူပစ္စည်းများပေးအပ်

သာစည် ဧပြီ ၂၆

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သောမန္တလေးမြေငလျင်ကြီးကြောင့် သာစည်မြို့နယ်မှ သေဆုံး၊ဒဏ်ရာရပြည်သူများနှင့် လုံးဝပျက်စီးခဲ့သောနေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော ထောက်ပံ့ငွေ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြည်တွင်းပြည်ပမှလှူဒါန်းသော အလှူပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး သေဆုံးသူ ၄၇ ဦး အတွက် တစ်ဦးလျင်ထောက်ပံ့ငွေကျပ် ၃၀၀,၀၀၀/-၊ ဒဏ်ရာရသူ ၆၄ ဦးအတွက် တစ်ဦးလျင် ထောက်ပံ့ငွေကျပ် ၅၀,၀၀၀/-၊ လုံးဝပျက်စီးနေအိမ် ၄၄ အိမ်အတွက် စုစုပေါင်းတန်ဖိုးငွေကျပ် ၄,၁၆၀,၃၃၂ တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံးများကို တစ်အိမ်ထောင်တစ်ပုံးနှင့် ပြည်တွင်းပြည်ပမှလှူဒါန်းသောအလှူပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးစိုးနှင့် သာစည်မြို့နယ်မှတာဝန်ရှိသူများက သက်ဆိုင်ရာမိသားစုဝင်များနှင့် ကာယကံရှင်များထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်