နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေ

မိုးညှင်း ဒီဇင်ဘာ ၉

မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ သို့ပူးပေါင်း၍ ဒီဇင်ဘာလ ၉ ရက်နေ့ ယနေ့ကျရောက်သည့် နှစ်(၁၀၀)ပြည့်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ၂၅၀ ကို နံနက်၇နာရီအချိန်က လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးကြီးနှင့် မင်ကွမ်း လက်ဖက်ရည်ဆိုင် ရှေ့ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာကြသူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။

ယနေ့ဖြန့်ဝေသည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်း စကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဌာန်း သော ကျွန်ပညာရေးဥပဒေအကြောင်းအရာများ၊ ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ရန်ကုန် ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ အစရှိသည့် အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်၍သိ သင့်သိထိုက်သည့်ဗဟုသုတရရှိစေမည့် အချက်အလက်များ ပါဝင်ပြီး အဆိုပါသတင်းစကားလက်ကမ်း စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှတာ ဝန်ခံ၍ စောင်ရေ၁၀၀၀၀၀ကို အခဲ့ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊မြို့နယ်၊မြို့ရုံးများရှိ ဦးစီးဌာနများသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)