ပင်လုံ ဧပြီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရတနာကန်တော်အတွင်း We Love PANGLONG ဆိုင်းဘုတ်ဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားစတင်ဖွင့်လှစ်၍ We Love PANGLONG ဆိုင်းဘုတ်အား အဂ္ဂမဟာကမ္မဌာနစရိယဒေါက်တာဘဒ္ဒန္တပုညနန္ဒ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ခရိုင်တပ်နယ်မှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ပြီး ရတနာကန်တော်အတွင်းသို့ ငါးကြင်းရွှေဝါ အကောင်ရေ (၁၀၀၀) ဇီဝိတဒါန ငါးလွှတ်လှူ၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အဂ္ဂမဟာကမ္မဌာနစရိယဒေါက်တာဘဒ္ဒန္တပုညနန္ဒ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ခရိုင်တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်စည်ပင်သာယာရေးဦးစီးဌာနမှခရိုင်မှူး၊ မြို့နယ်မှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာမှ အကြီးအကဲများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)