ကျောက်တလုံးကြီးမြို့ရှိ နမ့်ဗေးကျေးရွာနှင့် နမ့်ဗေးရေတံခွန်ချိတ်ဆက်တံတားဆောက်လုပ်

ကျောက်တလုံးကြီး ဧပြီ ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကက္ကူကျေးရွာအုပ်စု၊ နမ့်ဗေးကျေးရွာတွင် နွေရာသီကာလ ခရီးသွားပြည်သူများ စိတ်အပန်းဖြေနိုင်ရေးနှင့် အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန် နမ့်ဗေးကျေးရွာနှင့်ရေတံခွန်သို့ ချိတ်ဆက်တံတားအား ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဆောက်လုပ်လျက်ရှိသည်။

အဆိုပါတံတားဆောက်လုပ်နေမှုအခြေအနေကို တောင်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုကြပြီး ဒေသခံပြည်သူများမှ တံတားတိုင်စိုက်ထူခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အရှည် ၁၂၀‌ ပေ၊ အကျယ် ၁၅ ပေ ရှိ နမ့်ဗေးတံတားအား အချိန်မီပြီးစီးနိုင်ရေး ကျေးရွာရန်ပုံငွေမှ ကျပ် ၂၈၈ သိန်း၊ နိုင်ငံတော်မတည်ငွေ သိန်း ၄၀၀ ဖြင့် ဆောက်လုပ်လျက်ရှိပြီး တံတားဆောက်လုပ်ပြီးစီးပါက နမ့်ဗေးရေတံခွန်သို့ အပန်းဖြေလာရောက်ကြမည့်ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း