ဒေးဒရဲမြို့နယ်၌ နွေစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဒေးဒရဲ ဧပြီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးစီးကျင်းပသည့် နွေစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက မြင်းကကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၂၂၇)၊ ဦးပိုင်အမှတ် (၁၇/၆)၊ (၁၆/၆)ရှိ တောင်သူ ဦးဝင်းနိုင်၏ နွေစပါးစိုက်ဧက (.၅၀)ဧကအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရိတ်သိမ်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး နွေစပါးစံပြစိုက်ခင်းတွင် စမ်းသပ်စိုက်ပျိုးထားသည့် ရေဆင်းပေါ်ဆန်း() စံကွက်အား ဒေသခံတောင်သူများနှင့် စုပေါင်းရိတ်သိမ်းခဲ့ရာ စပါးအထွက်နှုန်း အစို (၁၀၉)တင်း၊ အခြောက် (၁၀၃)တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အေဇာလင်း