ပုသိမ်ကြီး ဧပြီ ၂၇
၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံနှင့် ပူးပေါင်းအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက အုန်းချောကျေးရွာရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အရောင်းဆိုင်များသို့ လှည့်လည်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်ခိုင်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဒေါ်ညိုညိုစမ်းနှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ရေးဦးစီးဌာန စုံစမ်းရေးမှူး ဦးဇော်မော်ဟိန်းနှင့် တပ်ဖွဲ့ဝင်များသည် အုန်းချောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ငြိမ်းနှင့် အဖွဲ့ဝင်များပူးပေါင်း လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးမှုတွင် ပူးပေါင်းအဖွဲ့အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေးတို့အတွက် အသိပညာပေးထိမ်းသိမ်းကြပ်မတ်ခြင်း လုပ်ငန်းများဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်