မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်(Grade-12)ဖြေဆိုမည့်ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ

မိတ္ထီလာ ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မိတ္ထီလာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအဆင့်(Grade-12)ဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က မတ်လ ၂၈ ရက်နေ့က လှုတ်ခတ်ခဲ့သည့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးသွားသည့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများနှင့်ပတ်သက်၍ နိုင်ငံတော်မှ စီမံဆောင်ရွက်မှုအခြေအနေများအား အခြေခံပညာအထက်တန်းအဆင့်(Grade-12) ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ သိရှိနိုင်ရန်နှင့် မိတ္ထီလာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုထားသည့် ကျောင်းသားကျောင်းသူ ၃၇၁၆ ဦး ရှိပါကြောင်း ၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေ ဆိုထားသည့်ကျောင်းသားကျောင်းသူများ ပြန်လည်ဖြေဆိုနိုင်ရေး လာရောက်တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ပြန်လည်ဖြေဆိုနိုင်ရေး လိုအပ်သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများအား ပံ့ပိုးကူညီပေးသွားမည့်အပြင် သင်ခန်းစာမကျောင်းစာများလေ့လာနိုင်ရေး တက္ကသိုလ်မှ ဆရာဆရာမမှများ လာရောက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ဒုတိယအကြိမ် အခွင့်အရေးအား လက်လွတ်မခံပဲ ကျောင်းသားကျောင်းသူများအား ပြန်လည်ဖြေဆိုနိုင်ပါရန် ပြောကြားခဲ့သည်။ ၎င်းနောက်မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦးက အခြေခံပညာအထက်တန်းအဆင့်(Grade-12) ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ကူညီပံ့ပိုးဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ရာ   အခြေခံပညာအထက်တန်းအဆင့်(Grade-12) ဖြေဆိုမည့်ကျောင်းသားကျောင်းသူများက မိမိတို့ကြုံတွေ့နိုင်သည့် အခက်အခဲများအား ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်းအဆင့်(Grade-12)ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်၊ ဘောပင်နှင့် ခဲတံများအား အသီးသီး ပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူများအား လှိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)