မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင်နှင့်အဖွဲ့သည် မြစ်သားမြို့နယ် သာလွန်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိ

မြစ်သား   ဧပြီ   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သာလွန်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရီပျံချီ ဦးမျိုးအောင် လုံ/နယ် ဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လူမူရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆွေဦး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တို့သည် ယမန်နေ့နံနက် ၁၀ နာရီ အချိန်ကအဆိုပါကျောင်းသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်း‌အောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာ‌ရေးမှူး ဒေါ်ပြုံးကြည်နှင့်ပညာရေးဝန်ထမ်းများ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် G-12 သာလွန်စာစစ်ဌာနတွင် ပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများစုစု‌ပေါင်း (၁၆၀) ဦးခန့်က ကြိုဆိုခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုး‌အောင်က မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်  G-12 ပြန်လည်ဖြေဆို မည့် ကျောင်းသား/သူများအား မန္တလေးငလျင်ဒဏ်ကြောင့်အဖြေလွှာများပျက်စီးဆုံရှုံးမှုနှင့် ပတ်သက်၍ ပြန်လည်ဖြေဆိုရမည့် အခြေအနေများအား အဖွင့်အမှာစကားပြောကြားခဲ့‌ပြီး G-12 ပြန်လည်ဖြေဆိုမည့်ကျောင်းသား/သူများထဲမှ မောင်စွမ်းမင်းအောင်၊ မမြဖူးသခင်တို့မှ ၎င်းတို့‌ ကျောင်းသား/သူများ၏ အခက်အခဲများအား တင်ပြဆွေးနွေးခဲ့‌ကြောင်း သိရသည်။  ဝန်ကြီးချုပ်မှ ကျောင်းသား/သူများအား တစ်ဦးခြင်း ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကာ လိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)