ရမည်းသင်း ဧပြီ ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်သည်ဆည်မြောင်းဦးစီးဌာန၊ စက်မှုအင်ဂျင်နီယာချုပ်ဦး ဝင်းထွဋ်တို့သည် ဧပြီ ၂၈ နံနက် ၈ နာရီခွဲအချိန်က မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ရမည်းသင်းမြို့နယ်အတွင်း ဆည်၊ တမံများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာဒုတိယဝန်ကြီးသည်ကတင် ကျေးရွာရှိ ကတင်ကန်အတွင်း ရေဝင်ရောက်မှုအခြေအနေနှင့်ငလျှင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများအား ကတင်ကန်အားသေခြာစွာပြုပြင် ထိန်းသိမ်းရေးတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာရှိ သစ်ဆုံဆည်အတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ရေထုတ်မြောင်းမကြီးမှရေလွတ်ပေးနေသည့် အခြေ အနေနှင့် သစ်ဆုံဆည်ရေထိန်းတံခါးပျက်စီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)