မဟာအောင်မြေ ဧပြီ ၂၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီးဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းကာ ဆန်၊ ဆီ၊ အသားငါး စားသောက်ကုန်များ သက်သာသောနှုန်းထားဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး နေ့စဥ်ဈေးရောင်းကား ၂ စီးဖြင့် (၆)မြို့နယ် လှည့်လည်ရောင်းချလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၆၂လမ်း ၃၉×၄၀ လမ်းကြားတွင် ရောင်းချပေးလျက်ရှိရာ ဆန် ၁ ပြည် ၄၀၀၀ ကျပ်၊ဆီ ၁ ပိဿာ ၈၅၀၀ ကျပ်၊ ဆား ၅၀ ကျပ်သား ၆၅၀ ကျပ်၊ ငရုတ်သီးအကြမ်းမှုန့် ၁၀ ကျပ်သား ၁၅၀၀ ကျပ်၊ ကုလားပဲ ၂၅ ကျပ်သား ၁၈၀၀ ကျပ်၊ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာ ၂၅၀၀၀ ကျပ်၊ ဆိတ် ၁ ပိဿာ ၂၈၀၀၀ ကျပ်၊ ကြက်သား ၁ ပိဿာ ၂၀၀၀၀ ကျပ်ငါးမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံကြက်ဥ ၁ လုံး ၄၀၀ ကျပ်နှင့်ဘဲဥ ၁ လုံး၅၅၀ ကျပ်တို့ဖြင့် ပြည်သူလူထု အလွယ်တကူဝယ်ယူနိုင်စေရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း