ငရုတ်ကောင်းမြို့တွင် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ငရုတ်ကောင်း၊ဒီဇင်ဘာ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလူစည်ကားရာနေရာများနှင့် မြို့မစျေးအတွင်းသို့သွားရောက်၍ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းကဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်၂၀၂၀ပြည့်နှစ်၊ နှစ်တစ်ရာပြည့်အမျိုးသားအနေ့ အောင်ပွဲနေ့ဦးတည်ချက်များ၊(၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်ဖြစ်သည့်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန်သစ္စာအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦးအမည်စာရင်း၊အမျိုးသားအောင်ပွဲနေ့သမိုင်းကြောင်းဆောင်းပါး၊အမျိုးသားအောင်ပွဲ နေ့အဓိဌာန်ကဗျာနှင့်နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဆောင်ပုဒ်များပါဝင်သည့် သတင်းစကားလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)