ဇမ္ဗူသီရိ ဒီဇင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သပြေကုန်းဈေးစည်ပင်မှ ဝန်ထမ်းများပူးပေါင်း၍ အများပြည်သူများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၊ သပြေကုန်းစျေးအတွင်းနှင့် ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၉၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ (၁၆.၁၀.၂၀၁၉) ရက်တွင် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း၊ စာရေးဆရာ မြင်းမူမောင်နိုင်မိုး ရေးသားသည့် အမျိုးသားအောင်ပွဲနေ့ သန္နိဌာန်ကဗျာနှင့် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ စသည့်အကြောင်းအရာများ ပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)