ငါးသိုင်းချောင်းမြို့၌ ၂၀၂၀ပြည့်နှစ်၊နှစ်တစ်ရာပြည့်အမျိုးသား‌အောင်ပွဲနေ့အထိမ်း အမှတ်သတင်း စကားလက်ကမ်းစာစောင်ဖြန့်ဝေ

ငါးသိုင်းချောင်း ဒီဇင်ဘာ

(၂၀၂၀)ပြည့်နှစ်၊ နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(ရုံးချုပ်) အစီအစဉ်ဖြင့်ထုတ်ဝေသည့် သတင်းစကား လက်ကမ်း စာစောင် အတွဲ()/အမှတ်()ကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကအများပြည်သူ ဆက်သွယ်သွားလာလျက် ရှိရာစည်ပင်သာယာမြို့မဈေး၊ ဗိုလ်ချုပ်လမ်း နှင့်ရွှေတောင်လမ်းဆုံနေရာ၊ အနှေးယာဉ်ဂိတ်များ၌ သတင်းစကား လက်ကမ်းစာစောင် စောင်ရေ (၂၂၅)စောင်ကို ဒေသခံပြည်သူ များလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ အမျိုးသားအောင်ပွဲနေ့ သန္ဒိဌာန်၊အမျိုးသား အောင်ပွဲနေ့သမိုင်းကြောင်း ၊ (၉၉)မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာ မှကောက်နှုတ်ချက်၊တက်ကသိုလ်များဖွံ့ဖြိုးတိုးတက်မှုနှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့်ခွန်းမှကောက်နှုတ်ချက်၊ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး ၏ အမည်များ၊ ဗြိတိသျှတို့ပြဌာန်းသောကျွန်ပညာ ရေးဥပဒေတွင်ပါဝင်သည့် အချက်များအစရှိသည့် အကြောင်းအရာ များပါဝင်ကြောင်းသိရှိရသည်။
                                                                                                                              

စိုးမင်းဦး(ပြန်/ဆက်)