ဆွမ်ပရာဘွမ်မြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မွေးကင်းစမှ(၂)နှစ်အောက်ကလေးငယ်အား ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ မိခင်နှင့်ကလေးကျန်း မာရေးဌာန၌ ဆောင်ရွက်ခဲ့သည်။

မြို့ပေါ်(၃) ရပ်ကွက်နှင့် အင်တားဂလို၊ ပင်ဆောင်း၊ ခင်ဒူကောင်ကျေးရွာများရှိ မွေးကင်းစ ကလေးငယ်များအား အသည်းရောင်အသားဝါဆေး၊ နှစ်လကလေးငယ်များအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင် အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ လေးလကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗီ) ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ခြောက်လ ကလေးငယ်များ အားပိုလီယိုကာကွယ်ဆေး၊ပြင်းထန်အဆုတ် ရောင်(ပီစီဗီ)ကာကွယ်ဆေး၊ ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ကိုးလကလေးငယ်များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက် သိုးကာကွယ်ဆေး၊ (၂)နှစ်အောက် ကလေးငယ်များအား ဆုံ့ဆို့-ကြက်ညှာ-မေးခိုင်အသည်းရောင်အသားဝါ (ဘီ) -ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

အဆိုပါပုံမှန်ကာကွယ်ဆေးထိုးခြင်းတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်ယွန်တောင်က ကျန်းမာရေးအသိပညာ ပေးဟောပြောခြင်း၊ သားဖွားဆရာမ ဒေါ်မြင့်မြင့်တင်က ဆေးထိုးပေးခြင်း၊ သားဖွားဆရာမ ဒေါ်ဘောက်ဆိုင်း၊ သားဖွားဆရာမ ဒေါ်မေသူဝင်းတို့က မြို့ပေါ်(၃) ရပ်ကွက်နှင့် အင်တားဂလို၊ ပင်ဆောင်း၊ ခင်ဒူကောင်ကျေးရွာများရှိ ကလေးငယ် (၈)ဦးအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက်နှင့်အညီဆေးထိုးပေးခဲ့ကြောင်းသိရသည်။

ကုဋေ (ပြန်/ဆက်)