ညောင်ဦး ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊အ နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း ပိတ်ထားစဉ်ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့်ဆင် စာဘူဖေးကျွေးမှုများပြားလာကြောင်း ဆင်စခန်းတာဝန်ခံ(လက်ထောက်မန်နေ ဂျာ)ဦးမျိုးမင်းကို ထံကသိရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့သစ်လုပ်ငန်းကဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်သည့် အနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လ ၂၅ရက်နေ့မှစတင်ကာခေတ္တယာယီပိတ်ထား ခဲ့ရာ မြန်မာပြည်အရပ်ရပ်ရှိဆင်ချစ်သူများက Online မှတဆင့်ဆင်စာဘူဖေးကျွေးမွေးလှူ ဒါန်းလျှက်ရှိရာ ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့်ကာလအတွင်း ဆငစာ်ဘူဖေး ကျွေးသူများပြားလာကာ(၁၃၀)ကြိမ်ကျော်ထိဆင်စာဘူဖေးကျွးမှုများပြားလာပြီး နောက်ထပ်ကျွေးမွေးဖို့ Online မှလည်းကြိုတင်ချိတ်ဆက်မှုများလည်းရှိနေသေးကြောင်း ဆင်စခန်း တာဝန်ခံ ဦးမျိုးမင်းကိုထံကသိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိထားပြီး ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ၊ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြကာ ဆင်စာဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ်ကောင်အတွက်တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်းသိရ သည်။
ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပိတ်ထားစဉ်ကာလ အတွင်း ဖုံးဖြင့်ဖြစ်စေ၊ ဆင်စခန်းPage များမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်း ကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုံး(၇၉၃၈၂၀၅၃၂) သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဆင်စာ ဘူဖေးကျွးမှု (၁၃၀)ကြိမ်ကျော်ခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့်ဆင်စခန်းများ ကိုဗစ်-၁၉ကာလ ဆင်စာခက်ခဲလျှက်ရှိကာ တောတောင်၊ရေမြေ သဘာဝအခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲ ကြောင်းလည်း ပလင်းကမ်းသာယာဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်တင်လေးနွယ်ကရှင်းပြ၍ သိရသည်။
ကိုထိန်၊KPD