မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၉
လပွတ္တာခရိုင် ၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာန အနေနှင့် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးဆိုင်များ ၊ စားသောက်ဆိုင်များ ၊ ဓါတ်ဆီဆိုင်များအား မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်နိုင် ရေးအတွက်စစ်ဆေးခြင်း ၊အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ဓါတ်ဆီဆိုင်များတွင် မီးချိတ် ၊ မီးကပ်များ ၊ မီးသတ်ဆေးဗူး များ နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဆောင်ရွက်ထားခြင်း ရှိ/မရှိ နှင့် မီးသတ်ဆေးဗူးအသုံးပြုပုံ ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ဆောင် ရွက်ရမည့် လုပ်ငန်းများ၊ဆောင် ရန် ၊ရှောင်ရန်များ အသိပညာ ပေးပြောကြားခဲ့သည်။
အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကွင်းဆင်ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူးဦးမျိုးဇော် နှင့် ဝန်ထမ်းများက စစ်ဆေး ဆောင် ရွက်ကြောင်းသိရသည်။
သီတာအောင်(ပြန်/ဆက်)