ဥတ္တရသီရိ ဒီဇင်ဘာ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဘုရားတောင်ကျေးရွာအုပ်စု၊ ပိုတက်ကျေးရွာရှိ စိုက်ပျိုး စီးပွားအသိပညာပေးစင်တာတွင် ကျေးရွာ အတွင်းရှိ ကလေးငယ်များအား ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့၊ မန္တလာရောင်စဉ် Women Empowerments & Gender Equility ၊ နေပြည်တော် ရတနာ့မေတ္တာအဖွဲ့နှင့် နေပြည်တော် ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း စာချုပ်ချုပ်ဆိုအ တည်ပြုသော နေ့ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အခမ်း အနားကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အမှာစကား ပြောကြားပြီး နေပြည်တော် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး သူဇာလွင်က ကလေး သူငယ်များအား အကြမ်းဖက်မှုကာကွယ်တားဆီးရေး အသိပညာပေးခြင်း၊ နေပြည်တော် ရတနာ့ မေတ္တာအဖွဲ့မှ ဒေါ်စိုးသန္တာလှိုင်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနှင့် လုပ်ငန်းစဉ်များအကြောင်း နှင့် မန္တလာရောင်စဉ် Women Empowerments & Gender Equility မှ ဒေါ်သက်သက်နွယ်က ကလေး သူငယ်များဘဝ တိုးတက်ရေးနှင့် အကြမ်းဖက်မှု ကင်းဝေးစေရန်အတွက် လမ်းညွှန်ချက်များအား ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပိုတက်ကျေးရွာအတွင်းရှိ အမျိုးသမီးများအား အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကျင်းပရာ နေပြည်တော် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး သူဇာလွင်က ကလေး သူငယ်များအား အကြမ်းဖက်မှုကာကွယ်တားဆီးရေး အသိပညာပေးခြင်း၊ နေပြည်တော် ရင်ခွင်မဲ့ ကလေးငယ် များလျော့ ချရေးနဲ့ကာကွယ် စောင့်ရှောက်ရေး အသင်းမှ ဒေါ်အေးမြင့်ရှိန်က အသင်း၏ဆောင်ရွက်ချက်များအား ရှင်းလင်း ခြင်း၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝေမာလှိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေးခြင်းနှင့် မန္တလာရောင်စဉ် Women Empowerments & Gender Equility မှ ဒေါ်သက်သက်နွယ်က ကလေးသူငယ်များအပေါ် အကြမ်းဖက်မှု ကင်းဝေးစေရန်အတွက် ဆောင်ရွက်မှု လမ်းညွှန်ချက်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊
အောင်ကို(ပြန်/ဆက်)