တပ်ကုန်း ဒီဇင်ဘာ ၁၀
၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့်နေပြည်တော်ကောင်စီခွင့်ပြု ရန်ပုံငွေတို့ဖြင့် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် ကျေးလက်ကုန် ထုတ်လမ်းများနှင့်Box Culvert ၊ Pipe Culvert တံတားများ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ ရွာသစ်ကျေးရွာတွင် အရှည်(၁)မိုင်(၃.၅)ဖာလုံ၊ အကျယ်(၂၀)ပေ လမ်းမြေ သားခင်းခြင်း၊ အရှည်(၁)မိုင်(၃.၅)ဖာလုံ၊ အကျယ်(၁၇) ပေလမ်း ရိစာခင်းခြင်းနှင့်ရေကျော် တံတား(၂)စင်း၊ Box Culvert(၁) စင်းတည်ဆောက်ခြင်း၊ ညောင်လွန့်(ရှ)ကျေးရွာတွင် အရှည် (၂.၆၅)ဖာလုံ၊ အကျယ်(၁၂)ပေလမ်း ရိစာခင်း ခြင်းနှင့် Pipe Culvert (၁)စင်းတည်ဆောက်ခြင်း၊ ဒယောက်ကူးကျေးရွာတွင် အရှည်(၆.၃၆)ဖာလုံ၊ အကျယ် (၁၂)ပေလမ်း ရိစာခင်းခြင်းနှင့်Pipe Culvert (၁)စင်းတည်ဆောက်ခြင်း၊ သပြေသာကျေးရွာတွင် အရှည်(၂.၂၇)ဖာလုံ၊အကျယ် (၁၂)ပေ လမ်း ရိစာခင်းခြင်းနှင့်Box Culvert(၁)စင်း၊ Pipe Culvert(၁)စင်း တည်ဆောက်ခြင်း၊ သပြေကုန်း ကျေးရွာတွင် အရှည်(၁)မိုင်(၂.၄၂)ဖာလုံ၊ အကျယ် (၁၈)ပေလမ်း မြေသား ခင်းခြင်း၊ အရှည်(၁)မိုင် (၂.၄၂)ဖာလုံ၊ အကျယ်(၁၅)ပေလမ်း ရိစာခင်းခြင်းနှင့်Box Culvert(၁)စင်း၊ Pipe Culvert(၇)စင်း တည်ဆောက်ခြင်း၊ရွေးစုကျေးရွာတွင် အရှည်(၂.၂၄)ဖာလုံ၊ အကျယ်(၁၅)ပေလမ်း ရိစာခင်းခြင်း နှင့် Box Culvert(၁)စင်းတည်ဆောက်ခြင်း၊ နွယ်ရစ်ကျေးရွာတွင် အရှည်(၁)မိုင် (၄.၁)ဖာလုံ၊ အကျယ် (၁၂)ပေ လမ်း ရိစာခင်းခြင်းနှင့်Pipe Culvert(၄)စင်းတည်ဆောက်ခြင်း၊ ကျားသေအိုင်ကျေးရွာတွင် အရှည်(၁)မိုင်(၄) ဖာလုံ၊ အကျယ်(၁၂)ပေလမ်း ရိစာခင်းခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီများဖြင့် တည်ဆောက် လုပ်ငန်းများဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြား ရေးမှူး ဦးဆက်နိုင်ထွန်းက ပြောပြသည်။
အဆိုပါလုပ်ငန်းများအတွက် မြေပြင်အခြေအနေသိရှိရန်အတွက် ဒီဇင်ဘာပထမပတ်က မြို့ နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူတို့မှ ကွင်းဆင်းတိုင်းတာစစ် ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး၊ ကျေးလက်ကုန်ထုတ်လမ်းများ၊ Box Culvert ၊ Pipe Culvert တံတားများပြီးစီးခဲ့ပါက ကျေးရွာ (၈)ရွာ အတွင်းရှိ အိမ်ထောင်စု(၃၄၇၇)စု၊ လူဦးရေ (၁၆၅၄၀)ဦး အကျိုးခံစားရမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်