ဆီဆိုင် ဒီဇင်ဘာ ၁၀
အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ဆီဆိုင်မြို့မဈေးအတွင်း/အပြင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ ဆိုင်ကယ်ဝပ်ရှော့ဆိုင်များ၊ သုံးဘီးမောင်းသူများ ထံသို့ သွားရောက်၍ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ နိုင်ငံတော်သမ္မတ၏ (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သဝဏ်လွှာမှ ကောက်နုတ်ချက်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ မိန့်ခွန်းကောက်နုတ်ချက်၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ ဗြိတိသျှတို့ပြဋ္ဌာန်းသော ကျွန်ပညာရေးဥပဒေ၊ အမျိုးသား အောင်ပွဲနေ့ သန္နိဋ္ဌာန်ကဗျာ စသည့် ဗဟုသုတဆိုင်ရာများ ပါဝင်သည့် သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)