မိုင်းဖြတ်၌ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

မိုင်းဖြတ် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် သည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများအား   ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားများဖြစ်ကြသည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် တာဝန်ရှိသူများက ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြ သည့် ဦးစိုင်းကျောက်နှင့် ဦးအားကို၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်း များ စစ်ဆေးရေးကော်မတီဝင်များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်လမ်းဦးစီးဌာ နမှဆောင်ရွက်မည့် မိုင်းဆတ်-မိုင်းခုတ်-မိုင်းဖြတ်လမ်းပိုင်းရှိ ၁၄၀ကီလိုမီတာနှင့်၁၄၂ကီလိုမီတာကြားတွင်  ကတ္တရာလမ်း အနိမ့် အမြင့်ဖြေညှိခြင်း၊ ရေပိတ် လွှာလောင်းခြင်း ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်(၁၅၇.၃၅၀)သန်းဖြင့် ငွေဗူးသီး ကုမ္ပဏီမှ ဆောင်ရွက်သည့် အလျား၁၀၀ပေ၊ အနံ၃၀ပေရှိ RC(၂)ထပ် ဝန်ထမ်း အိမ်ယာ ဆောက်လုပ်နေမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းနှင့် တာဝန်ရှိသူများသည်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှင်တွင် မြို့နယ်လမ်းဦးစီးဌာနမှ (ပြည်နယ် ပြင်/ထိန်း) ခွင့်ပြုရန်ပုံငွေ(၂၆၄.၀၀၀) သန်းဖြင့် တာဝန်ခံ အင်ဂျင်နီယာ ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်ကိုကိုအောင်ကဆောင်ရွက်မည့် မိုင်းဖြတ်-မိုင်းယောင်း လမ်းပိုင်းရှိ (၅.၅၇ ကီလိုမီတာနှင့် ၆.၅၇ကီလိုမီတာကြား)တွင် ယခင်  ၁၂ပေအကျယ်မှ ယခု၁၈ပေအကျယ်ရှိ  ကတ္တရာ လမ်း တိုးချဲ့ခင်းခြင်း လုပ်ငန်း များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့် တာဝန်ရှိ သူများက သက်မှတ်အရည်အသွေးဖြင့် အတိုင်အတာ တို့ပြည့်မီစေရေး အတွက် လေးထား ဆောင်ရွက်စေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)