ကျိုင်းလပ်မြို့တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

 

ကျိုင်းလပ်        ဒီဇင်ဘာ   ၁၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျိုင်းလပ် မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုင်းလပ်မြို့ ဈေးဆိုင်များနှင့် ကိုဗစ်-၁၉ စစ်ရေး ဂိတ်တို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက် (၁၆.၁၀.၂၀၂၀)ရက် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့်နှစ် အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဋ္ဌာန်းသော ကျွန်ပညာရေး ဥပဒေ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန် ပြုခဲ့ကြသော ကျောင်းသားကြီး (၁၁)ဦးနှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်းနှင့် မှတ်တမ်းပုံများ ပါဝင်ပြီး ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ရုံး ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျိုင်းလပ်မြို့ရှိ ဈေးဆိုင်များ၊ ဈေးရောင်း၊ ဈေးဝယ်သူများ အား သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဖြူဖြူဝင်း (ပြန်/ဆက်)