မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆေးရုံသုံးပစ္စည်းများဝယ်ယူနိုင်ရန် အလှူငွေ ပေးအပ်လှူဒါန်း

မိုးနဲ  ဒီဇင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆေးရုံသုံးပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့ဝင်/ မြို့ထွက် စစ်ဆေးရေးဂိတ်နေရာသို့ လာရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ လာရောက်၍ လှူဒါန်းရာတွင် အလှူရှင် စဝ်ချိုဖ၊ ဇနီးဒေါ်နန်းခမ်းဖေ သား/သမီးမိသားစုက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆေးရုံသုံးပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် အလှူငွေ (၂၃၅၀၀၀၀/-) ကျပ်ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ် က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)