ကွန်ဟိန်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်က မြို့မစျေးအတွင်း၊ လူစည် ကားရာ နေရာများ ၌ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်း အနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ထံမှပေးပို့သည့်သဝဏ်လွှာမှ ကောက်နှုတ်ချက် ၊ (၁၆.၁၀.၂၀၂၀ )ရက်တွင် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက် ၊ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း ၊ ဗြိတိသျှတို့ပြဌာန်း သောကျွန်ပညာရေးဥပဒေ ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦးနှင့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာ ၊ ကာတွန်း နှင့် မှတ်တမ်းပုံများ ပါဝင်ပါသည်။
၂၀၂၀ပြည့်နှစ်၊နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်သည် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေခြင်းဖြစ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ လက်ကမ်းစာစောင်(၂၅၀) စောင်အား အခမဲ့ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)