ပုံပါကျင် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူများ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ကို ပုံပါကျင်မြို့မဈေးရှေ့တွင် ယနေ့နံနက် (၆) နာရီ က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (Mask Campaign) ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စည်းကမ်းချက်များနှင့်အညီ အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask တပ်ဆင် သွားလာရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာမှုမရှိသူများအား Mask အခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း Mask တပ်ပြီး အပြင်ထွက်သည့် အလေ့အကျင့်များရရှိရေး အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အစီအစဉ်တွင် ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပုံပါကျင်မြို့မဈေး အတွင်းရှိ ဈေးရောင်း/ဈေးဝယ်များ၊ မြို့တွင်းသွားလာသူ ပြည်သူများအား Mask အခုရေ ( ၁၅၀)ခန့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
စန္ဒီ(ပြန်/ဆက်)