ပူတာအို ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော (၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ကောင်ကထောင်ရပ်ကွက်ရှိ Putao ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို အာဃာပေရဝမ် လူငယ်ဘောလုံးအသင်းနှင့် လီဆူ(ဒုတ္ထန်)လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လီဆူ(ဒုတ္ထန်)အသင်းက အနိုင်ရခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ တာဝန်ရှိသူများက ပထမဆုရ လီဆူ(ဒုတ္ထန်) အသင်းအား ဆုငွေတစ်သိန်းခွဲ၊ ဒုတိယဆုရ အာဃာပေအသင်းအား ဆုငွေတစ်သိန်း၊ ဆုတံဆိပ်များနှင့် အကောင်းဆုံး ဘောလုံးသမားဆုနှင့် အကာင်းဆုံးဂိုးသမားဆုများကို အသီသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အထိမ်းအမှတ်ပြိုင်ပွဲတွင် ပူတာအိုမြို့နယ်ရှိ ရဝမ်လူငယ်(၂)သင်း၊ လီဆူလူငယ်(၂)သင်း၊ ဂျိန်းဖော့လူငယ်(၂)သင်း၊ ခါကာဘိုရာဇီတောင်ခြေ ခရောင်းကျေးရွာမှ ရဝမ်လူငယ်များ(၁)သင်း စုစုပေါင်း ကချင်လူငယ်အသင်း (၇)သင်းတို့က ဇန်နဝါရီ(၉) ရက်နေ့မှ စတင်၍ ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆန်းညွန့်( ပူတာအို)