မိုင်းရယ် ဒီဇင်ဘာ ၁၀
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး ထုတ်ဝေသည့် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ယမန်နေ့ နံနက်(၉) နာရီက မိုင်းရယ် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဝန်ထမ်းများက မြို့မစျေးနှင့် ယာယီပျံ ကျစျေး များ အတွင်း ပြည်သူများထံ လိုက်လံဖြန့်ဝေ ခဲ့ပါသည်။
အဆိုပါ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင်အား ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် အမျိုးသား အောင်ပွဲနေ့ အား မမေ့ မလျော့စေရန်အတွက် ရည်ရွယ်ပြီး ဖြန့်ဝေ ရခြင်းဖြစ်ပြီး ယင်းလက်ကမ်းစာစောင်တွင် အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း၊ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ သ၀ဏ်လွှာ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင် ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာများ၊ ကာတွန်းများဖြင့် ပြည်သူ ဖတ်ရှုလေ့လာနိုင်ရန် ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)