ကိုဗစ်− ၁၉ ရောဂါကာကွယ်ရေးအတွက် စျေးများအတွင်း နှာခေါင်းစည်း(Mask)များ ဝေငှ

 

မိုင်းရယ်   ဒီဇင်ဘာ   ၁၀

မိုင်းရယ်မြို့နယ်အတွင်း Covid-19 ရောဂါကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ်၊ စည်ပင်သာယာရေးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ယမန်နေ့နံနက် (၇)နာရီက မိုင်းရယ်မြို့မစျေးကြီးနှင့် ယာယီပျံကျစျေးများတွင် ပြည်သူများအား နှာခေါင်းစည်း(Mask)များ ဝေငှခဲ့ပါသည်။

စျေးများအတွင်း စျေးနေ့ဖြစ်သည့်အတွက် ပြည်သူများ၊ စျေးရောင်း၊ စျေးဝယ်များအား Covid-19 ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ ဝေငှခြင်း နှင့် မိုင်းရယ်မြို့နယ်၊ စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိ ဦးသိန်းစိုးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ နှာခေါင်း စည်း (Mask)များ တပ်ဆင်စေရေးအတွက် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

မြို့နယ် (ပြန်/ဆက်)