မြို့လှမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

မြို့လှ ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို မန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမူရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နှာခေါင်းစည်း(mask) ၁၅၀ ခုတို့အား ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခြင်း၊ ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ နေအိမ်အပြင်သို့ မဖြစ်မနေ ထွက်ပါက နှာခေါင်းစည်း(mask)များ စနစ်တကျ တတ်ဆင်ကြရန်၊ ကိုဗစ်၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် “ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိက စကာကွယ်စို့သတင်းစကား လက်ကမ်းစာစောင် အတွဲ()၊ အမှတ်()များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်၊မြို့လှ)