ဆမီး ဒီဇင်ဘာ ၁၀
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့ရှိတိုက်ပွဲရှောင်ပြည်သူများအား Hand gel နှင့် ကာဘော်လစ်ဆပ်ပြာများ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၈ ရက် နံနက် ၉ နာရီက အထကကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် ချိုးချင်းအမျိုးသမီးအဖွဲ့(K’cho Chin Women organization)မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ထောက်ပံ့ပေးအပ်တာဖြစ်ပြီး မိမိတို့ အဖွဲ့အစည်းအနေဖြင့် စစ်ဘေးဒဏ်ကြောင့် ကျန်းမာရေးချို့ယွင်းသူများနှင့် ကိုယ်ဝန်ဆောင် မိခင်များမီးဖွားရန် မတူပီ၊ မင်းတပ်၊ မန္တလေးမြို့များသို့ သွားရောက်ဆေးကုသမှု ခံယူပါကသွားလာသည့်ခရီးစရိတ်များ ထောက်ပံ့ ပေးအပ်သွားရန်ရှိကြောင်းနှင့် ၁ နှစ်အောက်ကလေး နို့တိုက်မိခင်များအတွက် အာဟာရမှုန့်များ ဆက်လက်ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ချိုးချင်းအမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူ မိုင်ဟားကီးလိုင်းက ပြောကြားသည်။
အဆိုပါထောက်ပံ့ရာ၌ ပွဲရှောင်အိမ်ထောင်စု(၈၁၈)ခု လူဦးရေ(၃၃၇၃)ဦးတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လဲ့လဲ့ခိုင်(ဆမီး)