ရွှေကူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ရွှေကူ  ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပသို့  သွားလာပါက နှာခေါင်စည်း (Mask)များ မဖြစ်မနေ တပ်ဆင်၍ သွားလာကြရန်အတွက် ယမန်နေ့ နံနက် နာရီခန့်တွင် မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းထွန်း ဦးဆောင်သော အခြေခံကျန်းမာရေး ဝန်ထမ်းများက လူစည်ကားရာ နေရာများဖြစ်သော စျေးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ သွားလာလျက်ရှိသော ပြည်သူများအား မိမိကိုယ်တိုင်နှင့် အခြားသူများ ကိုဗစ်-၁၉ရောဂါ မကူးစက်ရေးအတွက် နေအိမ်မှ အပြင်သို့ထွက်တိုင်း နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ကြရန် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (Mask)များကိုလည်း အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။

ရွှေကူမြို့နယ်၌ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ဒီဇင်ဘာလ ()ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း(၂၉)ဦးရှိပြီး (၁၈)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒေါက်တာစိုင်းထွန်း ထံမှ သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)