သာစည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို ယမန်နေ့က မြို့မဈေးကြီးနှင့် ယာယီပျံကျဈေးတို့၌ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အဆိုပါလူထုလှုပ်ရှားမှုတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကျော်သီဟ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့် ကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးကော်မတီ ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ဝန်ထမ်းများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့်မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဈေးရောင်းဈေးဝယ်များအား Face Shield နှင့် Mask များမဖြစ်မနေစနစ်တကျတပ်ဆင်ကြရန် အသိပညာပေးစည်းရုံးလှုံ့ဆော်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ နှာချေ ချောင်းဆိုးသည့်အခါ လိုက်နာရမည့် ကျင့်ဝတ်များ၊ နှာခေါင်း နှင့် ပါးစပ်ကိုကာကွယ်ရသည့် အကြောင်းရင်းများပါသော ကျန်းမာရေး အသိပညာပေး လက်ကမ်း စာစောင်များနှင့် (Mask) နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်း